


မြနမာ့ဂုဏ်် စက်တင်ဘာ ၁၅
ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် ရဲတပ်ဖွဲ့ဝင်အယောင်ဆောင် ခြိမ်းခြောက်ကာ ငွေးကြေးတောင်းယူကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် မြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများမှ CCTV မှတ်တမ်းများအား စစ်ဆေးကြည့်ရှူခြင်း မသင်္ကာဖွယ်ရာ အမျိုးသားများအား လိုက်လံစုံစမ်း ဆောင်ရွက်နေစဉ် စက်တင်ဘာလ(၁၄)ရက်နေ့ (၁၆:၃၀)နာရီအချိန်ခန့်က ပဲခူးမြို့ နန်းတော်ရာရပ်ကွက် သနပ္ပင်လမ်းမတန်း ဥက္ကံမီးပွိုင့်အနီး CCTV မှတ်တမ်းတွင် ကျူးလွန်သူနှင့် အလားသဏ္ဍန်တူသည့် အမျိုးသားမောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ စဉ့်ကူအုပ်စု၊ ကျွန်းမကြီးရွာတောင်ပိုင်းနေ အဘ ဦးချစ်၏ သား လှထွေး(ခ)အလီယာမွတ်ကိုဖမ်းဆီးခဲ့တယ်လို့ပြောပါတယ်။
လှထွေး(ခ)အလီယာမွတ်အား ရှာဖွေစစ်ဆေးရာ ခါးတွင်ပတ်ထားသော အိတ်အတွင်းမှ ၁၄ပဲရည် အလေးချိန် ၁ ပဲ ၃ ရွေးရှိ ရွှေလက်စွပ် ၁ ကွင်းနှင့် ၅၀၀၀ကျပ်တန် ငွေစက္ကူ ၁၂ရွက်တို့အား တွေ့ရှိသဖြင့် ပစ္စည်းများနှင့် ပတ်သက်၍မေးမြန်းရာ လှထွေး(ခ)အလီယာမွတ်မှ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိကြောင်း မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိတယ်လို့သိရပါတယ်။
ဆက်လက်စစ်ဆေးရာ ပဲခူးဆေးရုံအနီးမီးပွိုင့်လမ်းဆုံတွင် ဝမ်းဘဲအင်းရွာမှ ဆေးကုရန်လာရောက် သည့် အမျိုးသမီး(၁)ဦးအား ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ကာ တာဝန်အရအိတ်အားစစ်ကြည့်မယ်ဟုပြောဆိုပြီး အသင့်ဆောင်လာသော ချဲဘောင်ချာစာရွက်များအား လက်ထဲတွင်ဆုပ်ကိုင်၍ အိတ်အတွင်းနှိုက်ဟန် ဆောင်ကာ ချဲဘောင်ချာစာရွက်များ တွေ့ရှိကြောင်း ဖြေရှင်းရန်ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောဆိုကာ ဆိုင်ကယ်ဖြင့် တင်ဆောင်လာခဲ့ပြီး ဆေးရုံအကျော် လမ်းအတွင်းသို့ ခေါ်ဆောင်သွားကာ အဆိုပါ အမျိုးသမီး ထံမှ ငွေကျပ်(၆)သိန်းအား တောင်းယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ပြောပါတယ်။
ထပ်မံ၍စက်တင်ဘာလ(၁၄)ရက်နေ့ မနက်(၆)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေးကားလမ်းဘေး မင်းသားကြီးလဘက်ရည်ဆိုင်အနီး လမ်းလျှောက်လာသော အသက်(၆၀)ကျော်ခန့် အမျိုးသာ(၁)ဦးအား လှထွေး(ခ)အလီယာမွတ်က ရဲဖြစ်ကြောင်း၊ တာဝန်အရ အိတ်အားစစ်ကြည့်မယ်ဟုပြောဆိုပြီး အသင့် ယူဆောင်လာသော ချဲဘောင်ချာစာရွက်များအား လက်ထဲတွင် ဆုပ်ကိုင်ကာ အိတ်အတွင်း နှိုက် ဟန်ဆောင်ပြီး ချဲဘောင်ချာစာရွက်များတွေ့ရှိကြောင်း ဖြေရှင်းရန်ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောဆိုကာ ဆိုင်ကယ်ဖြင့်တင်ဆောင်လာခဲ့ပြီး ဆီဆိုင်အကျော်တွင် “အဆင်ပြေအောင်လုပ်ပေးမယ် ပိုက်ဆံ ဘယ်လောက်ပါသလဲမေးရာ” ပိုက်ဆံ(၆)သောင်းနှင့် လက်စွပ်ပါကြောင်းပြောဆိုသဖြင့် တောင်းယူကာ ၄င်းအမျိုးသားအား ထားခဲ့ပြီး သနပ်ပင်လမ်းအတိုင်းဆိုင်ကယ်ဖြင့် ထွက်လာစဉ် ရွှေမော်ဓေါဘုရား၊ တောင်ဘက်မုခ်အရောက်တွင် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးစစ်ဆေးဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဆက်လက်စစ်ဆေးဖေါ်ထုတ်ချက်အရ ၎င်းသည် လွန်ခဲ့သော (၆)လခန့်ကလည်း သနပ်ပင်မြို့၊ ဆေးရုံအနီးတွင် စက်ဘီးစီးလာသော အသက်(၅ဝ)ကျော်ခန့် အမျိုးသား(၁)ဦးထံမှလည်း အထပ်ပါနည်း အတိုင်း ချဲဘောင်ချာစာရွက်များတွေ့ရှိသည်ဟု ပြောဆိုကာ ငွေကျပ်(၁၇၀,၀၀၀)ကျပ်အား ရယူခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး အသက်အရွယ်ကြီးသူများကိုသာ ပြစ်မှတ်ထားခြိမ်းခြောက်ကာ ငွေကြေးများရယူခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူ အုပ်စု၊ ကျွန်းမကြီးရွာတောင်ပိုင်းနေ အဘ ဦးချစ်၏ သား လှထွေး(ခ)အလီယာမွတ်အား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံကသိရပါတယ်။
#Myanmagon