ဒဟတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၁၂
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် ဒဟတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒဟတ်ကုန်းအပါအဝင် ကန်ဆွယ် ၊ ကန်ဖျား ၊ စည်ပင်သာ၊ ကျောင်းရွာ၊ ညောင်ပွင့်၊ ထုံးဘိုကုန်းနှင့် နှောကုန်းကျေးရွာများသို့သွားရောက်ကာ မဲဆန္ဒရှင်မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။
ပျော်ဘွယ်မြို့နယ် ဒဟတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများနှင့်သွားရောက်တွေ့ဆုံရာတွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်တို့က သွားရောက်တွေ့ဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်၍ ပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေမိဘပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပျော်ဘွယ်မြို့နယ်သည် ဒီဇင်ဘာလ ၂၈ရက်ကျင်းပမည့် ရွေးကောက်ပွဲပထမအကြိမ်တွင်ပါဝင်လျက်ရှိသည်။
Myanmagon




















