မြန်မာ့ဂုဏ်စက်တင်ဘာလ ၂၀
မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ပြည်လမ်းရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရှိ ဆင်ဖြူရှင်ခန်းမတွင်(၆၁)နှစ်မြောက် မြန်နိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းမှုပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်အရာရှိ (၃၀) ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် (၇၇) ဦး၊ ပေါင်း (၁၀၇) ဦးတို့ တက်ရောက်ခဲ့ပါတယ်။
သွေးလှုဒါန်းပွဲတွင် အရာရှိတပ်ဖွဲ့ဝင်(၁၀၇) ဦးတို့အား တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဓါတ်ခွဲဌာနမှ ဗိုလ်မှူး ဖြိုးဝေဇံ ဦးစီး (၁၀) ဦးတို့မှ သွေးဖောက်ခြင်း၊သွေးပေါင်ချိန်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၁၀၇) အိတ် ရရှိခဲ့ကြောင်း၊ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)မှ တပ်မှူး ဗိုလ်မှူးကြီး/ ဗိုလ်မှူးချုပ် ခင်ဇော်ဟိန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးများမှ လိုက်လံအားပေးစကားပြောကြားခဲ့ပြီး၊ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင် ကခရိုင်အလိုက် တစ်ဦးလျှင်ကြက်ဥ အလုံး (၃၀) လုံး၊ ထောက်ပံ့ငွေ (၁) သောင်းကျပ်၊ Oramin-G (၁) ကဒ် ပေးအပ်ခဲ့ပါတယ်။
ဆက်လက်၍ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)မှ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥ (၁၀) လုံး၊ အားဆေး (၁)ကဒ်၊ ကွေကာ (၂) ထုပ်၊ ဘီစကစ် (၁)ထုပ် တို့အားပေးအပ်ခဲ့ပါတယ်။
#Myanmagon



