

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
မြန်မာ့ဂုဏ် မတ် ၆ ရက်
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပါတယ်။
အမှာစကားပြောကြားရာတွင် ဒေသအသီးသီးတွင် အကြမ်းဖက်ဖြစ်စဉ်နှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများ အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရန် ဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီရှားပါးမှုဖြစ်ပေါ်လာနိုင်မည့်အခြေအနေတွင် လျှပ်စစ်ကားနှင့် ရထားများ၏အခန်းကဏ္ဍသည် များစွာတိုးတက်လာစေမည်ဖြစ်ကြောင်း၊ “စည်းလုံးခြင်းသည်အင်အား၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုသည့် ဆိုရိုးစကားများနှင့်အညီ တိုင်းပြည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အချင်းချင်းဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
#Myanmagon