



ပါဒစေတီတော် မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ
မြန်မာ့ဂုဏ် မတ် ၁၁
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၁၁) ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော် မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပါတယ်။
ရှေးဦးစွာ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီးအား တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)အရှင်သူမြတ်၊ ရွှေသာလျောင်း ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒဉေယျဓမ္မာဘိဝံသ အရှင်သူမြတ်နှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပူဇော်ပေးခဲ့ပါတယ်။
#Myanmagon