တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
မြန်မာ့ဂုဏ် မတ်လ ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များထံ ငါးပါးသီလခံယူ၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေသင်ကြားရေး၊ ဘာသာပြန်လုပ်ငန်းများ၊ Documentary ရိုက်ကူးခြင်း၊ လေ့လာရေးခရီးများနှင့် သက်မွေးပညာသင်တန်းစင်တာများ ဖွင့်လှစ်ခြင်းတို့ဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားများ ပြောကြားကာ တိုင်းရင်းသားရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို နေ့လယ်စာအတူ သုံးဆောင်ခဲ့ကြောင်း သိရပါတယ်။
#Myanmagon
