
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ China Media Group (CMG) တို့ပူးပေါင်းစီစဉ်ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အောင်မြင်မှုများမျှဝေခြင်းနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်းအခမ်းအနားကျင်းပ
MMG March 15
မတ် ၁၃ ရက်နေ့တွင်ရန်ကုန်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio A တွင် ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Groupတို့ ပူးပေါင်း၍ “လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများမျှဝေခြင်းနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်း” အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဆက်ဗီဒီယိုများနှင့် မှတ်တမ်းရုပ်ရှင်များကို ပြသခဲ့ပြီး ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၏ Video Message၊ တရုတ်သံရုံး သံမှူးကြီး Dr. Zheng Zhihong နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးချက်များကို တင်ပြခဲ့ကြပါတယ်။
ထို့ပြင် မီဒီယာများ၏ အခန်းကဏ္ဍ၊ လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ၁၀ နှစ်ပြည့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအပေါ် သဘောထားများကို ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရပါတယ်။
#Myanmagon