




မြန်မာ့ဂုဏ် စက်တင်ဘာ ၂၆
မြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း Rosatom တို့ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘော တူညီချက်များကို ယနေ့ စက်တင်ဘာ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Radission Collection ဟိုတယ်၌ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှေ့မှောက်တွင် နှစ်ဖက်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
#Myanmagon