
စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုမရှိကြောင်း KIA ပြော
မြန်မာ့ဂုဏ် ၊ ဩဂုတ် ၁၉
တိုက်ပွဲတွေမှာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုမရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ပြည်ပြေးမီဒီယာတစ်ခုကို ပြန်လည်ဖြေကြားရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ခေတ်က ဒရုန်းခေတ်ဖြစ်နေတော့ လက်နက်နဲ့ပစ်တဲ့ တိုက်ပွဲတွေ မရှိသလောက်ပဲ တစ်ယောက်ချင်းစီကို ဗုံးကြဲတာ”လို့ သူကပြောပါတယ်။
ဒါ့အပြင် တပ်မတော်ရဲ့ဒရုန်းနည်းပညာတိုးတက်လာတဲ့အတွက် “ရမ်းသမ်းပြီးတော့ ပစ်တာတောင်မှ မရှိဘူး ရန်သူက ဘယ်နေရာမှာရှိတယ် အဲဒီလို တိတ်တိတ်ပုန်းပစ်တာ”လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာ ဗန်မော်လေယာဉ်ကွင်းအနီးမှာရှိတဲ့ အမြှောက်တပ် ၃၆၆ ကနေ KIA အနေနဲ့ ဆုတ်ပေးလိုက်ရတယ်လို့ ဝန်ခံထားပါတယ်။