မြန်မာ့ဂုဏ် ။ ဩဂုတ် ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာရှိတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတားကို ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ပလောင်အကြမ်းဖက်အဖွဲ့ TNLA က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ဂုတ်ထိပ်တံတားဟာ အင်္ဂလိပ်ကျူးကျော်စဉ်က ဆောက်လုပ်ခဲ့တဲ့ အထင်ကရတံတားဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကျော်ပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲသံကြားလို့ လှမ်းကြည့်တာ မီးခိုးတွေထွက်ပြီး တံတားဟိုဘက်ခြမ်းက စိုက်ကျနေတာမြင်ရတယ် လို့ ဂုတ်ထိပ်တံတားအနီးက လယ်သမားတစ်ဦးက မြန်မာ့ဂုဏ်ကိုပြောပါတယ်။

ဒီပလောင်အကြမ်းဖက်သမားတွေက နောင်ချိုမြို့ကို ဖျက်ဆီးခဲ့တဲ့အပြင် အေးချမ်းတုန်းက နိုင်ငံခြားသားခရီးသွားတွေ အလည်အပတ်များပြားတဲ့ ဒီတံတားကိုပါဖျက်ဆီးသွားတာ လှမ်းမြင်ရသလောက်တော့ တော်တော်ပျက်စီးသွားတယ် လို့ သူကဆက်ပြောပါတယ်။
ဒေသခံတွေရဲ့အဆိုအရ အကြမ်းဖက် ပလောင်လက်နက်ကိုင်အဖွဲ့နဲ့ PDF အဖွဲ့အချို့ဟာ နောင်ချိုတစ်ဖက်ကမ်း ဂုတ်ထိပ်တံတားက လှိုဏ်ဂူမှာ ခိုအောင်းနေပြီး ချက်ပြုတ်စားသောက်နေကြတာ မကြာ မကြာတွေ့ရတယ်လို့ဆိုပါတယ်။
#MyanmaGon #အကြမ်းဖက်ပလောင်လက်နက်ကိုင် #TNLA