




မြန်မာ့ဂုဏ် သြဂုတ် ၂၅
တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒသိရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပါတယ်။
#MyanmaGon #Photonews