








မြန်မာ့ဂုဏ် နိုဝင်ဘာ – ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ထံသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် လာရောက် ဂါရဝပြု တွေ့ဆုံပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးချစ်ဆွေ၊ ဒေါက်တာ ချောချောစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး Mr. Iskander Azizov နှင့် နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့အကြီးအကဲ များ တက်ရောက်ကြပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့ အကြား ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အစိုးရအဖွဲ့ ဝင်များအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာမြင့်မား ပြီး ခမ်းနားထည်ဝါမှုတို့ကို လေ့လာတွေ့ရှိခဲ့ရသည့်အပြင် မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေ များ၊ နိုဗိုစီဗစ်ဒေ သသို့ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ခမ်းနား ထည်ဝါမှုများကို နိုဗာစီဗစ်ဒေသမှတစ်ဆင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ သိရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နှစ်ဖက်ဆွေးနွေးမှုရ လဒ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားထားရှိပြီး နိုဗိုစီဗစ်ဒေသအစိုးရ အဖွဲ့အနေဖြင့်လည်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စသည်တို့အပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေ သတို့ အကြား ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့၍ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက် နိုင်မည့်အခြေအ နေများ၊ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသအပါအဝင် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့်အခြေအနေများ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေခဲ့ပြီး အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့သည့် အခြေ အနေများနှင့် နှစ်ဖက်ပူး ပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်သည့် အခြေ အနေများ၊ မကြာမီကာလ တွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြီး ချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက် လှမ်းသွားမည်ဖြစ် သည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့ အနေဖြင့်လည်း မြန်မာ နိုင်ငံ တွင်ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို အားပေးထောက်ခံလျက်ရှိသည့် အခြေအနေ များနှင့် ပတ်သက်၍ ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသပါတယ်။
တွေဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ခဲ့ကြ ကြောင်း သိရပါတယ်။
#Myanmagon