


မြန်မာ့ဂုဏ်၊ ဩဂုတ် ၂၈
ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကာ မတရားအသင်းအဖြစ်ကြေညာကြောင်း ဒီကနေ့ ဩဂုတ်လ (၂၈) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
KNU လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုများဖြစ်သည့် အများပြည်သူလုံခြုံရေးကိုဖြစ်စေ ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖြစ်စေ စသည့်ဖြင့် အကြမ်းဖက်ဥပဒေနဲ့ ပက်သက်ကာ ကျူးလွန်ခဲ့သည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြေညာချက်မှာကတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့ဝင်များ ၎င်းတို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းများနဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ဆက်နွယ်တဲ့ ပုဂ္ဂိုလ်များဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူတို့ရဲ့ အေးချမ်းသာယာရေးကို အနှောင်အယှက်ဖြစ်စေတဲ့အတွက် မတရားအသင်းအဖြစ်ကြေညာခဲ့တယ်လို့ဆိုပါတယ်။
#MyanmaGon #MyanmarArmy #Terrorist_KNU/PDF