



နိုင်ငံတကာသတင်း ၊ ဩဂုတ် ၂၉
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးမှဆိုင်းငံံ့ခံထားရတဲ့ ပေတုန်တန်ရှင်နာဝပ်ကို သြဂုတ် ၂၉ ရက်နေ့မှာ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားလိုက်ကြောင်း စီရင်ချက်ချမှတ်ခဲ့ပါတယ်
ပေတုန်တန်ဟာ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသော နယ်စပ်အရေးတွင် ဝန်ကြီးချုပ်အဆင့်ကျင့်ဝတ်များကို ချိုးဖောက်သည်ဟုဆိုကာ ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်တွေက တိုင်တန်းခဲ့ပြီးနောက် ထိုင်းဖွဲ့ စည်းပုံအခြေခံဥပဒေတရားရုံးက ဇူလိုင် ၁ရက်နေ့မှ စတင်ကာစစ်ဆေးခဲ့ပြီး ပေတုန်တန်အား ရာထူးတာဝန်များ ဆိုင်းငံ့ခဲ့ကာ ယခုအခါတွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ပေတုန်တန်သည် ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသအငြင်းပွားမှုကို စီမံကိုင်တွယ်မှု ညံ့ဖျင်းကြောင်း ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရကာ ပေါက်ကြားလာခဲ့သည့် ပေတန်တန်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်းဟွန်ဆန်တို့ ဖုန်းပြောဆိုသည့် အသံဖိုင်ကြောင့် ထိုင်းပြည်သူများက ဒေါသထွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။
#MyanmaGon #Thiland