



မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှာရှိတဲ့ မြစ်ငယ်နဲ့ ကျောက်စိမ်းဘုရားလမ်းပေါ်က လက်ဖက်ရည်ဆိုင်တစ်ခုကို စက်တင်ဘာ ၁ရက် ဒီကနေ့နံနက်ပိုင်းက ဆီဘောက်ဆာကား ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားကာ လူ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၇နာရီဝန်ကျင်လောက်က ကားကဝင်တိုက်ပြီး ဆိုင်မီးလောင်မှုဖြစ်ပွားကာ ၃ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၈ဦးလောက် ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ မီးငြိမ်းသွားပြီး မီးလောင်မှုအခြေအနေနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရသူ ၊သေဆုံးသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူများကစိစစ်နေပြီး ရှင်းလင်းမှုလုပ်နေကာ မီးလောင်မှုကြောင့် လက်ဖက်ရည်ဆိုင်မှာ တစ်ဆိုင်လုံး မီးလောင်ကျွမ်းသွားတယ်လို့သိရပါတယ်။