
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး ထောက်ခံမှုပြုရန် အလေးအနက်ထားမေတ္တာရပ်ခံလိုပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ (တာဝန်) ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
စက်တက်ဘာလ ၁ရက်နေ့ ဒီကနေ့မှာပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေးမှာတက်ရောက်နေ့တဲ့ အဖွဲ့ဝင်နိုင်ငံများ ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနဲ့ အခြားဖိတ်ကြားထားသည့် နိုင်ငံပေါင်း ၂၄နိုင်ငံမှာ ခေါင်းဆောင်များ ၊ အခြားအဖွဲ့အစည်းအသီးမှဖိတ်ကြားထားတဲ့ခေါင်းဆောင်များ ရှေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှာ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ခုနှစ် မေလကတည်းက ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး ထပ်မံတောင်းဆိုခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးမှာ တရုတ်သမ္မတရှီကျင်းဖျင်ကဦးဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကာ အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံအသီးသီးကခေါင်းဆောင်များကဆွေးနွေးခဲ့ကြပြီး ယာယီသမ္မတ (တာဝန်) ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)အစည်းအဝေးနဲ့ပက်သက်တဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ ဘဏ္ဍာရေး နဲ့ စစ်ရေးအခြေအနေများနဲ့ ပက်သက်ကာ ပါဝင်ဆွေးနွေးတင်ပြခဲ့ပါတယ်။
#MyanmaGon #SCO #China #Myanmar