


မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၂
လာမဲ့အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်းကို ဆန္ဒမဲပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ မိသားစုများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ စက်တင်ဘာ ၂ ရက် ဒီကနေ့မှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။
” ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံး ဆန္ဒမဲပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲကို ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုကိုအခြေခံပြီး အပိုင်းလိုက်ကျင်းပသွားမှာပါ။ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းမှုမရှိစေဖို့အတွက် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)နဲ့ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
တွေ့ဆုံစဉ် မိမိတို့အနေဖြင့် လာမည့်ဒီဇင်ဘာလအ တွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာ၌ မဲဆန္ဒရှင်စာ ရင်းများနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းကောင်စာရင်းကိုအောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပညာတတ်များဖြစ်ရန်လိုအပ်ကာ ရွေးကောက်ပွဲကျင်းပချိန်မှာလည်း နိုင်ငံအတွက် ဒေသအတွက် အကျိုးပြုနိုင်မည့်သူကို ကိုယ်စားလှယ်အဖြစ်ရွေးချယ်နိုင်ရန်လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
#MyanmaGon