မြန်မာ့ဂုဏ် စက်တင်ဘာ ၁၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည်အနီး၌ ယနေ့ စက်တင်ဘာ ၁၁ ရက်က ၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း (၂,၄၀၀)ပင်ကို စိုက်ပျိုးခဲ့ကြပါတယ်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ကာ လူသားများ၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတုများပြောင်း လဲလာခြင်းဖြစ်၍ လူသားများကပင်ပြန်လည် ထိန်းသိမ်းကြရမည်ဖြစ်ရာ သစ်တောသစ်ပင်များစိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် စောင့် ရှောက်ပေးခြင်းများသည် သဘာဝဘေးအန္တရာယ်ကို အထိုက်လျောက်ထိန်းချုပ်ပေးသည့်အခြေခံအကြောင်းအရာတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ပြီးမြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ မိုးရာသီသစ်ပင်စိုက်ပွဲများအဖြစ် ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေ ကာပင်ပေါင်း(၁၈၆,၃၁၂)ပင်ကို စိုက်ပျိုးခဲ့တယ်လို့သိရပါတယ်။
#Myanmagon






