

မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၁
လာမယ့်ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ယခင်ပြစ်မှုများနဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းဖြစ်ရန် ဥပဒေအရကန့်သတ်ချက်တွေရှိနေတဲ့ ဒေါက်တာအေးမောင်ကို စက်တင်ဘာလ ၁၁ရက် ဒီကနေ့ရက်စွဲနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
ရခိုင့်ဦးဆောင့်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပေါ် စွဲထားသော ပြစ်မှုများအားလုံးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ထောက်ခံချက်ဖြင့် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
ယခုလွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တဲ့ဒေါက်တာအေးမောင်အနေနဲ့ လာမဲ့ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားမှာဖြစ်ပါတယ်။
#MyanmaGon