မြန်မာ့ဂုဏ် စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက် ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေနံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နန်နင်းမြို့မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ကွမ်ရှီးဒေသ CPC ပါတီ ဒုတိယအတွင်းရေးမှူး Mr.Wang Weiping ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ၊ တာဝန် ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် နန်နင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပါတယ်။
#Myanmagon
