
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၉
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို လာမဲ့ ဒီဇင်ဘာ ၂၈မှာ စတင်ကျင်းပမှာဖြစ်လို့ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း(၁၀၀)သာ လိုတော့တာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ(၂၈)ရက်တွင် မြို့နယ် (၁၀၂)မြို့ နယ်၌ စတင်ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပြည်သူ့လွှတ်တော် အတွက် မဲဆန္ဒနယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော်အတွက် FP TP စနစ်ဖြင့် မဲဆန္ဒနယ် (၇၅) နယ်နဲ့ PR စနစ်ဖြင့် ကျင်းပမည့်နယ် (၂၆) နယ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် FPTP စနစ်ဖြင့် (၂၆၆) နယ်နဲ့ PR စနစ်ဖြင့် (၄၂) နယ် ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အတွက် (၂ ၉) နယ် ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း (၃၃၀) မြို့နယ်ရှိတဲ့အထဲမှာ မြို့နယ် (၅၆) မြို့နယ်က လွှတ်တော် (၃) ရပ်အတွက်မဲဆန္ဒနယ် (၁၂၁) နယ်မှာ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။
အပိုင်းလိုက် ဆက်လက်ကျင်းပမယ့် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်များကိုလည်း ထပ်မံကြေညာပေးသွားမည်ဖြစ်ကြော င်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောထားပြီး လက်ရှိမှာတော့ အပိုင်း (၁)မှာပါဝင်တဲ့ မြို့နယ်တွေက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် မဲ ဆန္ဒနယ်များနဲ့ တို င်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC) ဝက်ဆိုဒ်မှာ ကြေညာထားပါတယ်။
#MyanmaGon #UEC