
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၁
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဒလမြို့နယ်ဥပဒေရုံးသစ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ဥပဒေရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေတို့က ဥပဒေရုံးသစ်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဥပဒေရုံးသစ်ဆိုင်းဘုတ်တို့ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး အဆောက်အအုံသစ်တို့ကို လှည့်လည်ကြည့်ရှုကြပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ယနေ့ဖွင့်လှစ်ခဲ့သည့် ဒလမြို့နယ်ဥပဒေရုံးသစ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ဥပဒေရုံးသစ်တို့အပါအဝင်ခရိုင် ဥပဒေရုံး သုံးရုံး၊ မြို့နယ်ဥပဒေရုံး စုစုပေါင်း ၁၁ ရုံး၊ အရာထမ်းအိမ်ရာ (သီးသန့်) ရှစ်လုံးနှင့် မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ တွဲလျက် ၁၃ ရုံးတို့ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ဥပဒေရုံးသစ်များ၊ ဝန်ထမ်းအိမ်ရာများအား အဆင့်မီစွာ တည်ဆောက်ဖွင့်လှစ် နိုင်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများဖြစ်ပြီး အရာထမ်း၊ အမှုထမ်းများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်လျက်ရှိကြကြောင်း၊ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများသည် မိမိတို့ရုံး အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရုံးပတ်ဝန်း ကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးတို့တွင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူအားကိုးအားထား ပြုရသည့် ဥပဒေအရာရှိများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားခဲ့ပါတယ်။
#Myanmagon