
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ နာယကကြီးများနှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး၌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ နာယကကြီးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများ ထွန်းကားရန်အရေးကြီးပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်အနေဖြင့် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးတိုးတက် ကောင်းမွန်စေရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေး၊ ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်ရေး၊ စွမ်းအင်ချွေတာသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့ကို နည်းလမ်းရှာဖွေ၍ ပူးပေါင်းပါဝင် မြှင့်တင်ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပါတယ်။
#Myanmagon