


မြန်မာ့ဂုဏ် စက်တင်ဘာ ၂၇
ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိနေသည့် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ဖိတ်ကြားချက်အရ ယနေ့ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်သွားရောက်ခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ အမှတ်(၂)ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့်အထူးလေယာဥ်ဖြင့် ကာဇက်စတန်နိုင်ငံသို့သွားရောက်ရာ ရုရှားနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ပါတယ်။
ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဉ်အတွင်း၌ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ကာဇတ်စတန်နိုင်ငံသမ္မတအပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
#Myanmagon