မြန်မာ့ဂုဏ် စက်တင်ဘာ ၂၉

ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင် ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။
တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာမည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား ကာဇက်စတန်နိုင်ငံ အက်စတာနာလေဆိပ်၌ ကာဇက်စတန်နိုင်ငံမှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒု-နိုင်ငံခြားရေးဝန်ကြီး၊ ဒု-မြို့တော်ဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဒု-ညွှန်ကြား ရေးမှူးချုပ်တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။
ထို့ပြင် ရုရှားနိုင်ငံအခြေစိုက် ကာဇက်စတန်နိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့က ပို့ ဆောင်နှုတ်ဆက်ခဲ့ပါတယ်။
#Myanmagon