



မြန်မာ့ဂုဏ် စက်တင်ဘာ ၃၀
ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံ သို့ အလုပ်သဘောခရီးစဥ် အဖြစ်သွားရောက်ခဲ့သောပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ (စက်တင်ဘာ ၂၉)
နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ညပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းသိရပါတယ်။