






မြန်မာ့ဂုဏ် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ကြပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယနေ့အထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၁၂.၅၆၅)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၂၁၂၈၀၀.၇၉၅)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း(၁၄၀၆၃)ဦး ဖန်တီးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၂.၈၁၇)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄၅၀၀)သန်း တိုးတက်ဝင်ရောက်ခဲ့ကာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း(၁၄၅)ဦး ရရှိခဲ့ကြောင်း သိရပါတယ်။
#Myanmagon