မြန်မာ့ဂုဏ် အောက်တိုဘာ ၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း(IFRC) အဖွဲ့၏ ဒုတိယ အထွေထွေအတွင်းရေးမှူး Mr. Milton Xavier Castellanos Mosquera အား ယမန်နေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် IFRC အဖွဲ့မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရမှုများအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် ပံ့ပိုးကူညီနေသည့် ကိစ္စရပ်များ၊ IFRC မှ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရေနှင့်သန့်ရှင်းရေး ဆိုင်ရာကိစ္စရပ် များတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးသည့်ကိစ္စရပ်များတွင် ပံ့ပိုးပေးလျက်ရှိသည့်အခြေအနေများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် IFRC တို့ အကြား ဆက်လက်ပူးပေါင်းဆောင် ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ IFRC ရုံးမှ ဌာနေကိုယ်စားလှယ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
#Myanmagon