



မြန်မာ့ဂုဏ် အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများ၊ စက်မှုဇုန်များမှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ MSME by G3G Appမှ တာဝန်ရှိသူများ၊ Weday Online Appမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ပြည်သူများတက်ရောက်ကြပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုပွဲတော်ကြီးကို ပြည်သူများအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့် ဂီတဖျော်ဖြေမှုများကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းစွာယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်းသုံးထုတ်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့နိုင်သည့် အမယ်သစ်အရည်အသွေးကောင်းထုတ်ကုန် ပစ္စည်းများအဖြစ် ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်း၌လည်း MSME လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ စက်မှုဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီးတိုင်းရင်းသားရိုးရာအကအဖွဲ့များက ဖျော်ဖြေတင်ဆက်ကပြကြကာတိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ ပွဲတော်ရှိ ဈေးဆိုင်ခန်း များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါးအရောင်းပြခန်းနှင့် သနပ်ခါးလိမ်းခြယ်နေမှုများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) စက်ကိရိယာများနှင့် အလှမွေးငါး အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ၊ အရောင်းပြခန်းတို့ကို လှည့်လည်ကြည့်ရှု့ခဲ့ပါတယ်။
#Myanmagon