
မြန်မာ့ဂုဏ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၌ အောက်တိုဘာလ ၄ ရက် က အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တီ ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက် အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နဲ့ တို့ ၇ ဦးကို အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ်တစ်စီး၊ HONDA CIVIC ယာဉ်တစ်စီး ၊ TOYOTA CROWN ယာဉ်တစ်စီး ၊ ISUZU D-MAX ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်း နေထိုင်သည့် တာချီ လိတ်မြို့ နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် ရှာဖွေရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရှိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ် လျက်ရှိပါတယ်။
#Myanmagon