









မြန်မာ့ဂုဏ် အောက်တိုဘာ ၇
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းနှင့် လမ်း(၅)ခုဆုံရာမီးပွိုင့်၊ LED ဘုတ်အနီး၌ အောက်တိုဘာလ(၇)ရက်နေ့ နံနက်ပိုင်းက ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းအား ဘင်ခရာတပ်ဖွဲ့မှ အလေးပြုပြီး ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အားပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးညီလန်းချို၊ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့်ရပ်မိရပ်ဖ ဦးမောင်ဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါတယ်။
ထို့နောက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအဖွဲ့၊ တိုင်းရင်းသားအဖွဲ့တို့နှင့် ကျောင်းသား၊ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။
#Myanmagon