



မြန်မာ့ဂုဏ် အောက်တိုဘာ ၉
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားယနေ့ အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Bin Haji Hasan မှလာရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဥ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင် ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်း ပရန်ပြင်ဆင်နေမှုများအတွက် ဝမ်းမြောက်ကြောင်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင် ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်၍ အားလုံးပါဝင်သည့် ရွေး ကောက်ပွဲဖြစ်စေရန်အကြံပြုခဲ့ပြီး ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့များစေလွှတ်ပေးသွားမည်ဟု ဆွေးနွေးခဲ့ပါတယ်။
ထို့အတူ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရွေးကောက် ပွဲကျင်းပရန် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ပြီး မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲအ တွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီဆောင်ရွက်ခဲ့သည်ဟု ပြောကြားပါတယ်။
ထို့ပြင် အောက်တိုဘာ ၁၅ ရက်သည် NCA နှစ်ပတ် လည်နေ့အခမ်းအနားကျင်းပမည်ဖြစ်၍ NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ်မရေး ထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံတကာမှအသိသက် သေများတက်ရောက်ကြမည်ဟု ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် ၎င်းတို့နှစ်ဦးသည်မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်းဆောင် ရွက်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အ ပိုင်းလိုက်စနစ်ဖြင့်ကျင်းပသွားမည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသ ဘောဆောင်သော ကောင်းမွန်သည့်ပူးပေါင်းဆောင် ရွက်မှုများ ဆောင်ရွက်လျက်ရှိမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ဆွေး နွေးခဲ့ပါတယ်။
#Myanmagon