





မြန်မာ့ဂုဏ် အောက်တိုဘာ – ၁၃
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်ပါတယ်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော် မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ် သူများ၊ နည်းပြများ၊ အထောက်အကူပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအက အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိတို့၏အမျိုးသားယဉ်ကျေးမှုကိုမြတ်နိုးထိန်းသိမ်းမြှင့်တင်ရင်း နိုင်ငံတကာ အလယ်တွင် မိမိနိုင်ငံမိမိလူမျိုး၏ အမျိုးသား ရေးဂုဏ်သိက္ခာ မြင့်မားထည်ဝါအောင် ကြိုးပမ်းစွမ်းဆောင်ပေး နိုင်ကြပါစေဟု ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို အစဉ်အလာ မပျက်ကျင်းပလာခဲ့သည်မှာ ယခုအခါ(၂၆)ကြိမ်မြောက်ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်း များကြောင့်လည်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အနုပညာရပ်များ ထိန်းသိမ်းမြှင့်တင်မှု တိုးတက်မြင့်မား လာပြီး အမျိုးသားရေး စရိုက်လက္ခဏာများ ထင်ရှားခိုင်မာလာမှုတို့နှင့်အတူ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်နိုးကြားထက်သန်မှု အကျိုးရလဒ်ကောင်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင် ပေးနိုင်ခဲ့သည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။
ယခုကဲ့သို့ အမျိုးသားရေး အနှစ်သာရနှင့်ပြည့်ဝသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကျင်းပ ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်သူအများ၏ အားပေးချီးမြှောက်မှုများကြောင့်လည်း အဓိပ္ပာယ်ပြည့်ပြည့်ဝဝဖြင့် အောင်မြင်ခဲ့ခြင်းဖြစ် ကြောင်း၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင် အနုပညာရှင်များအား လုံး၏ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို လေးစားမြတ်နိုးစွာလေ့လာလိုက်စား ထိန်းသိမ်းမြှင့်တင်လိုသည့် စိတ်ကောင်း၊ စေတနာ၊ ပင်ကိုအရည်အသွေးကောင်းများနှင့် အတူအားပေးကြသည့် မိဘဆွေမျိုးများနှင့် အနုပညာမြတ်နိုးသူ ဝါသနာရှင် အားလုံးတို့၏ ပူးပေါင်းပါဝင်မှုအကျိုးကျေးဇူးကြောင့် ဖြစ်သည်ကိုလည်း ဂုဏ်ပြုပြောကြားလိုကြောင်း။
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင် ဖြစ်ကြောင်း၊ အမျိုးသား ယဉ်ကျေးမှု မြင့်မားလေလေ၊ နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေ လေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုယ်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို အမျိုးသားယဉ်ကျေးမှုကတစ်ဆင့်သာ ဖော်ညွှန်း ပြဆိုကြရခြင်းဖြစ်ကြောင်း။
ထို့ကြောင့် မိမိနိုင်ငံမိမိလူမျိုး၏ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုနေထိုင်ကျင့်ကြံမှု၊ တွေးခေါ်မြော်မြင်မှုနှင့် စိတ်နေစိတ်ထားတို့ ယဉ်ကျေးသိမ်မွေ့စေရအောင်၊ အဆင့်အတန်း မြင့်မားစေရအောင် နိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် ပုံဖော်ပျိုးထောင်ပေး ကြရမည် ဖြစ်ကြောင်း။
မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး စသည့် ဂီတ၊ သဘင်နယ်ပယ်၏ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊ ကပြသီ ဆိုတီးမှုတ်မှုနှင့် အသုံးပြု သည့် တူရိယာပစ္စည်းများ သည်လည်း ထူးခြားသည့် မြန်မာ့မူ မြန်မာ့အသွင်စစ်စစ်ဖြင့် နိုင်ငံတကာတွင် ဂုဏ်ယူ ဝင့်ကြွား နိုင်သည့် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည်ကို တွေ့ကြရ မည်ဖြစ်ကြောင်း။
ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် တင်ဆက်ပြသနိုင် ခြင်းအား ဖြင့် တွေ့မြင်ရသည့် မျိုးဆက်သစ်လူငယ်များအဖို့ မြန်မာ့ယဉ်ကျေးမှု၏ ကြီးကျယ်ခမ်း နားထည်ဝါမှု၊ နက်နဲသိမ်မွေ့သည့် မြန်မာ့အနုပညာရပ်များ၏ ပြည့်စုံ ကြွယ်ဝမှုကို သိရှိနားလည်နိုင်ပြီး လေးစားဂုဏ်ယူခြင်းနှင့်အတူ အလေးထားမြတ်နိုး တန်ဖိုးထား စိတ်များ ပေါ်ပေါက်လာစေမည်မှာ မလွဲဘူးဟုမှာကြားလိုကြောင်း၊ အမျိုးသားယဉ်ကျေး မှုကို ချစ်ခင်မြတ်နိုးပြီး လေ့လာကြိုးပမ်း ပြိုင်ပွဲဝင်ခဲ့ကြသည့် မျိုးဆက်သစ်လူငယ်များ နှင့် ဆုရရှိကြသူအားလုံးကိုလည်း လေးစား ဂုဏ်ပြုသည်ကို ပြောကြားလို ကြောင်း။မိမိတို့မြန်မာလူမျိုးများသည် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ၊ အဆင့် အတန်းမြင့်မားသည့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ၊ နက်ရှိုင်းသိမ်မွေ့သည့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အတွေးအခေါ်အယူ အဆများ ၊ လူမှုကျင့်ဝတ်စည်းကမ်းများ၏ ဂုဏ်ကျေးဇူးများကြောင့် သမိုင်းအစဉ်အဆက်တွင် ကျက်သရေရှိရှိ ရပ်တည်ထွန်းပြောင် နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိထားပြီး ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဒီကောင်းမြတ်သည့် အတိတ်အစဉ်အလာများ၊ ကောင်းမွေများကို တည်တံ့တိုးပွားအောင် ထိန်းသိမ်းမြှင့်တင်ရင်း ပစ္စုပ္ပန်ကာလ၏ အခွင့်အလမ်းကောင်း များနှင့်ပေါင်းစပ်ပြီး အနာဂတ်မျိုးဆက် သစ်လူငယ်များအတွက် အခြေခံကောင်း အမွေခံ ကောင်းများ ထားရစ်ခဲ့နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ခေတ် နိုင်ငံသူနိုင်ငံသားများ ဖြစ်သည့် မိမိတို့အားလုံး၏ ပခုံးပေါ်ကိုရောက်ရှိနေပြီ ဖြစ်ကြောင်း။
ထို့ကြောင့် အတိတ်ကာလက ဘိုးဘွားအမွေအနှစ်ဖြစ်သည့် မြန်မာ့အနုသုခုမ ပညာရပ်များနှင့်တကွ အမျိုးသားယဉ်ကျေးမှု အဆောက်အအုံကြီး၏ ကောင်းမွေများကို ပစ္စုပ္ပန်ကာလတွင် ကောင်းမြတ်သည့် ကြိုးပမ်းအားထုတ်မှုများဖြင့် ထိန်းသိမ်းမြင့်တင် သွားကြရမည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများက ပေါက်ဖွားလာသည့် အကျိုးရလဒ်ကောင်းများနှင့် ပေါင်းစပ်ပြီး အနာဂတ်အတွက် အနုပညာ အမွေအနှစ်စစ်စစ်များ ပွားများကျန်ရှိရအောင် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုတိုက်တွန်းလိုကြောင်း။
သမိုင်းအစဉ်အဆက်ဆက် ထိန်းသိမ်းအမွေဆက်ခံလာခဲ့သည့် အမျိုးသားယဉ်ကျေး မှု အရင်းအမြစ်များကို ပိုမိုအခြေခိုင်ခံ့အစွမ်းထက်စေရအောင် ရိုးရာအစဉ်အလာ ထိန်းသိမ်းမှုနှင့် တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်မြှင့်တင်ဆောင်ရွက်ပေးကြရန်၊ တိုင်းရင်း သားပြည်သူများ ဇာတိသွေးဇာတိမာန် မြင့်မားရေးနှင့် မြန်မာ့ရိုးရာ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်လွှမ်းမိုးမှုကို ကာကွယ် တားဆီးပေးကြရန်၊ အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးစသည့် စိတ်ဓာတ်ရေးရာ အခြေခံများ တိုးတက်ရင့်သန်ခိုင်မာ မြင့်မားစေရအောင် ယဉ်ကျေးမှု အနုပညာစွမ်းအား တို့ဖြင့် မြှင့်တင်ပေးကြရန် ဆန္ဒပြုတိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားပါတယ်။
ယင်းနောက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်းရင်း သားရိုးရာ/ကျေးလက်ရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပါတယ်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်တိုင်း ရင်း သားရိုးရာ “ယန်းအက” ပြိုင်ပွဲနှင့် ကဗျာလွတ်ပြိုင်ပွဲတို့ တွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ သည့် အဖွဲ့များအား ဆုများပေးအပ် ချီးမြှင့်ပါတယ်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဆို၊ မဟာ ဂီတပြိုင်ပွဲ အဆင့်မြင့်ပညာ အဆင့် (အမျိုးသား)( အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဆို၊ မဟာဂီတပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဆို၊ မဟာဂီတပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အဆို၊ ခေတ်ဟောင်း/ကာလပေါ်ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေး ရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဆို၊ ခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က အဆို၊ ခေတ်ဟောင်း/ ကာလပေါ် ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံ ဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပါတယ်။
ယင်းနောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့က အက၊ အရေးနှင့် အတီး ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပါတယ်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။
#Myanmagon