








မြန်မာ့ဂုဏ် အောက်တိုဘာ ၁၃
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင်နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ ရေခဲတောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပါတယ်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအက အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား အတွင်းရေးမှူး ဦးမင်းထက်သာနှင့် အတီးအကဲ ဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးစောဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား မကွေးတိုင်းဒေသကြီးမှအုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူများ ကိုယ်စားအခမ်းအနား မှူးတစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ချီးမြှင့်ပါတယ်။
ထို့နောက် အကဲဖြတ်ပညာရှင်များကိုယ်စား အဆိုအကဲဖြတ်ပညာရှင် ဦးတင်ဦးလေးက ကကျေးဇူးတင်စကား ပြန်လည်ပြောကြားပါတယ်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင် များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပါတယ်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ သာသာနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြပါတယ်။
ထို့နောက် အထူးအစီအစဉ်အဖြစ် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သဘင်ပညာရှင်ကြီးများဖြစ်ကြသည့် အနုပညာဦးစီးဌာနမှ အသက် ၇၄ နှစ်ရှိ အငြိမ်းစားဦးစီးအရာရှိ ဆရာကြီး ပန်တျာ ဦးမြင့်သိန်း နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ အငြိမ်းစား ဂုဏ်ထူးဆောင်ပါမောက္ခကြီး အသက် ၇၆ နှစ်ရှိ ဒေါက်တာ နုနုခင်တို့နှင့်အတူ လက်ဆင့်ကမ်းအမွေကို ဆက်ခံကြမည့် မျိုးဆက်သစ် လူငယ်လေးများဖြစ်ကြသည့် မွန်ပြည်နယ်မှ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အကပြိုင်ပွဲ ပထမဆုရ မောင်စောအောင်ဟိန်းထွေး (ခေါ်)အဲအဲနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အကပြိုင်ပွဲမှ ပထမဆုရ နန်းကဋေစံဦး တို့က “သစ္စာထားနှစ်ပါးသွား” အကဖြင့် ဂုဏ်ပြုလက်ဆင့်ကမ်း ဖျော် ဖြေတင်ဆက်ကြပါတယ်။
ယင်းနောက် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အငြိမ်းစားဦးစီးအရာရှိ ဆရာကြီး ပန်တျာဦးမြင့်သိန်းနှင့် အငြိမ်းစားပါမောက္ခကြီး ဒေါက်တာနုနုခင်တို့အား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး မေးမြန်းနှုတ်ဆက်စကား ပြောကြားပါတယ်။ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။
#MyanmaGon