








မြန်မာ့ဂုဏ် အောက်တိုဘာ – ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လာရောက်ဂါရဝပြုတွေ့ဆုံပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင် ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့်တာဝန်ရှိသူ များတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Iskander AZIZOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူငယ်ကဏ္ဍ၊ ဆောက်လုပ်ရေး နှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါတယ်။
#Myanmagon