




မြန်မာ့ဂုဏ် အောက်တိုဘာ – ၁၄
မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနား အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိNaypyitaw State Polytechnic University ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ပါတယ်။
အခမ်းအနားသို့ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ကော်မရှင်အ ဖွဲ့ဝင်အမှုဆောင်ချုပ်ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရ အဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Iskander AZIZOV ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskiy ၊ မြန်မာ နိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှတာဝန်ရှိသူများ၊ ရုရှားနိုင်ငံနှင့် ဘယ်လာ ရုစ်နိုင်ငံတို့မှ ဖျော်ဖြေရေးအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြပါတယ်။
ဦးစွာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “ယဉ်ကျေးမှုဖလှယ် မှုမှသည် ချစ်ကြည်ရင်းနှီးမှုများဆီသို့” Video Clip ကိုကြည့်ရှုကြပါတယ်။
ထို့နောက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌက မိတ်ဆက် စကားပြောကြားပြီးဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေမည့် အနုပညာရှင်များနှင့် မိတ်ဆက် ပေးပါတယ်။ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အားစတင်ကျင်းပရာ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးနိုင်ငံအနုပညာရှင်များကတေးသီချင်းများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေ တင်ဆက်ကြပါတယ်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က သီဆိုဖျော်ဖြေခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့မှ ဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုပန်းခြင်းပေးအပ်ပါတယ်။
ယင်းနောက် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ နှင့် ဘယ်လာရုစ် တေးဂီတအဖွဲ့ခေါင်းဆောင် တို့က နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံဂုဏ်ပြုလက်ဆောင်ပေးအပ်ပါတယ်။၎င်းနောက်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်၊ စိန့်ပီတာ စဘတ် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီးနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖျော်ဖြေရေးအဖွဲ့များနှင့် တက်ရောက် လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်။
#Myanmagon