







မြန်မာ့ဂုဏ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ယနေ့ အောက်တိုဘာလ (၁၇) ရက်နေ့၌ တပ်မတော်က အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့တွင်းစစ်ကြောင်းများဝင်ရောက်လာပြီဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။
သီပေါမြို့သိမ်းစစ်ဆင်ရေးကို တပ်မ တော်ဘက်က ယမန်နေ့ အောက်တိုဘာ (၁၆)ရက်နေ့၌ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ တပ်ဆုတ် ပြေးခဲ့ရသည့် TNLA အဖွဲ့က မြို့တွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများဖြစ်သည့် မြေစာရင်း၊ ထွေအုပ်၊ စိုက်ပျိုးရေး၊ ထောင် အပါအဝင် ဟိုတယ်သီပေါတို့ကို မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရပါတယ်။
ထို့ကြောင့် ယနေ့ အောက်တိုဘာ (၁၇) ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနောက်ချန် အင်အားအချို့လည်း သီပေါမြို့သို့ ဝင်ရောက်လာနိုင်ပြီးဖြစ်ကြောင်းနှင့်မြန်မာ့တပ်မတော်အနေဖြင့် ကျောက်မဲမြို့ကို အောက်တိုဘာ (၁ )ရက်၌ ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း (၁၆)ရက်အကြာ ယနေ့တွင် သီပေါမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။
#Myanmagon