


















မြန်မာ့ဂုဏ် အောက်တိုဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့ မနက်ပိုင်းတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းတို့နှင့်အတူ မအူပင်ခရိုင်အတွင်းရှိ ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံံ၍ ရွေးကောက်ပွဲနှင့် စည်းရုံးရေးဆိုင်ရာ အသေးစိတ်အစီအမံများအား ဆွေးနွေးခဲ့ပါတယ်။
ထို့နောက် ဒုတိယဥက္ကဌသည် တက်ရောက်လာကြသူများမှ သိလိုသည့်မေးမြန်းမှုများအား ပြန်လည်ဖြေကြား၍ လိုအပ်သည်များအား ဖြည့်စွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon