









မြန်မာ့ဂုဏ် အောက်တိုဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက ယနေ့ အောက်တိုဘာ(၁၇)ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ(NMSP) ၊ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့က တာဝန်ရှိသူများနှင့် NCA တွင် လက်မှတ်ရေးထိုးခဲ့သူ ဦးခွန်ဥက္ကာနှင့်ဦးမျိုးဝင်း တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များက လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်လည်း သဘောတူညီပြီးဖြစ်ကြောင်း ခေတ်ကာလအရ ပြင်ဆင်ရန်လိုအပ်သည်များရှိသည်ကို သဘောပေါက်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီးNCA ကို အရှိန်ပြန်လည်ရအောင်လာရောက် ပူးပေါင်းဆောင်ရွက်ပေးသည်ကိုလည်း ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
ထို့နောက် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည် အခန်းကဏ္ဍာတွင်ပါဝင်ခြင်းကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်သွားမည်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ပါတယ်။
#Myanmagon