
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ အောက်တိုဘာလ ၁၆ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ရွှေတောင်မြို့နယ်၊ ဆင်မကြပ်စစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မိုးညိုမြို့၊ မြို့မရပ်ကွက်နေ အောင်ပြည့်စုံ(၂၅)နှစ် မောင်းနှင်လာသည့် YGN-12 3H-xxxx HONDA AIRWAVE မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့တယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။
အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသ နိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ပြည့်စုံအား ရွှေတောင်မြို့မ ရဲစခန်း(ပ)၁၂၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
#Myanmagon