

မြန်မာ့ဂုဏ် အောက်တိုဘာလ ၁၉
PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့ နံနက်ပိုင်းက၎င်းတို့ထိန်းချုပ်မောင်းနှင်ပြီး အကြောင်းမဲ့ ပစ်ခတ်ခဲ့သည့် Suicide Drone ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရပါတယ်။
PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် Suicide Drone တစ်စင်းကို ကလေးမြို့၏ အနောက်တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ နဂါးဗွက်ကျေးရွာအနီးမှ လွှတ်တင်၍ စစ်ရေးပစ်မှတ် မဟုတ်ဘဲ အများပြည် သူများ နေထိုင်လျက်ရှိသည့် ကလေးမြို့အတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ပင်လုံ ရပ်ကွက် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးထန်ရှန်းခိုင် (၃၄) နှစ် နှင့် ဒေါ်ပန်ကီး (၅၀) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ၎င်းတို့အား ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရပါတယ်။
ထိုသို့ အများပြည်သူအေးချမ်းစွာနေထိုင်လျက်ရှိသည့် စစ်ရေးပစ်မှတ်မဟုတ် သည့် နေရာများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေမှုတို့ကို ဒေသခံ ပြည်သူများက ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အဆိုပါ နေရာတစ် ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။
#Myanmagon