
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည်ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို သွားရောက်ကြည့်ရှု စစ်ဆေးပါတယ်။
အားကစားရုံနှင့် တက္ကသိုလ်ဘောလုံးအားကစားကွင်း၊ အပန်းဖြေရိပ်သာ (Recreation Center) တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အားကစားနည်းများအလိုက် ကော်မတီများဖွဲ့စည်း၍ ထူးချွန်သည့်အားကစားသမား ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသည့် ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။
ထို့နောက် တက္ကသိုလ်၏မျက်နှာစာ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးဒဂုံတက္ကသိုလ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က တက္ကသိုလ်၏ Master Plan နှင့် ဆောင်ရွက်လျက်ရှိသည်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်မုခ်ဦးနှင့် အဝင်လမ်းသန့်ရှင်းသပ်ရပ် သာယာလှပရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး၊ ခြံစည်းရိုးများ စနစ်တကျကာရံထားရှိရေး၊ အပန်းဖြေရိပ်သာ (Recreation Center) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဘောလုံး အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍မှာကြားပြီး လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။
မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရပါတယ်။
#Myanmagon