
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၀
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်း အခွန်များဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြို့၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာန အောက်ရှိ ဌာနများအနေဖြင့် ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်း၍မှာကြားပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးပါတယ်။
ထို့နောက် (၁၆) မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး အောင်၊ တိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ်ကောက်ခံခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးကြပါတယ်။
ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ကြီးဌာနမှ ရုံးအဆောက်အအုံများ ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon