




မြန်မာ့ဂုဏ် အောက်တိုဘာ ၂၁(မှုခင်း)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁)၊ ကနောင်လမ်းသွယ် (၂)လမ်းတွင် လျှပ်စစ်ဒယ်နီအိုးဖြင့် ဟင်းထည့်နွှေးပြီး အိပ်ပျော်သွားရာမှ ဒယ်နီအိုး အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် တစ်ဦးသေဆုံးကာ ခေါက်ဆွဲစက်ရုံ မီးလောင်မှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုမှာ မိနစ် ၅၀ နီးပါးလောင်ကျွမ်းခဲ့ပြီး အသက် ၇၈ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းအဘိုးအို မီးလောင်သေဆုံးခဲ့သည့်အပြင် ခေါက်ဆွဲစက်ရုံ၊ ခေါက်ဆွဲဂိုဒေါင်၊ ခေါက်ဆွဲကြိတ်စက် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူလုံခြုံရေးအဘိုးအို၏ ရုပ်အလောင်းကို ရွှေမေတ္တာလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း သိရပါတယ်။
#Myanmagon