

မြန်မာ့ဂုဏ် အောက်တိုဘာ ၂၁
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ ၁၇၁၀ နာရီခန့်တွင် အမှတ်(၃၇) မူးယစ်တပ်ဖွဲ့စု(ပြည်)မှ ခေတ္တတပ်ဖွဲ့ စုမှူး နှင့်ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူမူးယစ်ဆေးဝါးသတင်းအရ ပေါင်းတည်မြို့၊ မင်းကွက်(၁) ရပ်ကွက်၊ တာပွန်လမ်းနေ ကျော်ကျော်(၄၀)နှစ်၏နေအိမ်အား အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စု(ပြည်)၏ မူးယစ်ဆေးဝါးနေအိမ် ဝင်ရောက်ရှာဖွေခွင့် ဝရမ်းအမှတ်(၄၆/၂၀၂၅)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ကျော်ကျော်အား နေအိမ် ဧည့်ခန်း၌တွေ့ရှိရပြီး ၎င်းထိုင်နေသည့်ဝါးဖျာပေါ်ရှိ (ဝါ/စိမ်း/နီ/ပြာ)အစင်းများပါ ချည်ပိုက်ဆံအိတ် အတွင်းမှ အဖြူရောင်ကော်ဗူးအတွင်းထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေးပြား (၇၀)ပြားပါ (၁)ထုပ်၊ အလေးချိန်(၇)ဂရမ်ခန့် (ကာလတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားလျှင် ၂၀၀ဝ ကျပ်နှုန်းဖြင့် ၁၄၀၀၀ဝ ကျပ်)၊ ကျော်ကျော်ကိုင်ဆောင်သည့် 09 ×××××နံပါတ်ပါ Infinix အမျိုးအစား(ခဲရောင်) လက်ကိုင်ဖုန်း(၁)လုံးနှင့် ဘုရားစင်ပေါ်မှ မောင်ကျော်ကျော် အမည်ပါ ၇/ပတတ(နိုင်)၀၁၉၄၉၁ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း(၁)ခုတို့အား သက်သေများ ရှေ့၌တွေ့ရှိသဖြင့်ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိဖမ်းဆီးရမိသူ ကျော်ကျော်၏ သက်သေ များရှေ့ပြောပြချက်အရ ၎င်းထံမှ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ပေါင်းတည် မြို့၊ ဟင်္သာကန်ရပ်ကွက်၊ (၂၉)လမ်းနေ စိုးသီတာဝင်း(ခ)စန္ဒာထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည့်အတွက် ပူးပေါင်းအဖွဲ့သည် အသိသက်သေများနှင့်အတူ စိုးသီတာဝင်း(ခ)စန္ဒာ၏နေအိမ်သို့ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ပေါင်းတည်မြို့၊ မင်းကွက်(၁)ရပ်ကွက်၊ တာပွန်လမ်းနှင့် (၁၅)လမ်း ထောင့်တွင် စိုးသီတာဝင်း(ခ)စန္ဒာအားတွေ့ရှိခဲ့သဖြင့် ၎င်း၏ခန္ဓာကိုယ်အား အသေးစိတ်စစ်ဆေး ရှာဖွေခဲ့ရာ ယာဘက်လက်တွင်ကိုင်ထားသည့် NUT HOUSE တံဆိပ်ပါ မုန့်ကြွပ်အိတ်ခွံ(ပန်းရောင်) အတွင်းထည့်ထားသည့် (အဖြူရောင်)အိတ်တစ်ထပ်အတွင်းမှ (အပြာရောင်) ပလပ်စတစ်ကပ်ခွာ အိတ်ငယ်များဖြင့်ထည့်ထားသည့် တစ်အိတ်လျှင် WY စာတမ်းပါ (လိမ္မော်ရောင်) စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀) ပြားစီပါ (၁၁)ထုပ်၊ စုစုပေါင်းဆေးပြား(၂၂၀၀)ပြား၊ အလေးချိန်(၂၂၀)ဂရမ်ခန့်နှင့် ၎င်းကိုင်ဆောင်သည့် 09 ×××××၊ 09 ××××× နံပါတ်များပါ Redmi အမျိုးအစား(အပြာရောင်) လက်ကိုင်ဖုန်း(၁)လုံးတို့ကို သက်သေများရှေ့ ရှာဖွေတွေ့ရှိသဖြင့်ရှာဖွေပုံစံ ဖြင့်ရေးသွင်းသိမ်းဆည်းခဲ့ပြီးနောက် စိုးသီတာဝင်း(ခ)စန္ဒာ နေထိုင်သည့် ပေါင်းတည်မြို့၊ ဟင်္သာကန် ရပ်ကွက်၊ (၂၉)လမ်းရှိနေအိမ်သို့ ၁၈၃၀ နာရီခန့်တွင် အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စု(ပြည်)၏ မူးယစ် ဆေးဝါး နေအိမ်ဝင်ရောက်ရှာဖွေခွင့် ဝရမ်းအမှတ်(၄၇/၂၀၂၅)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်း မူးယစ်ဆေးဝါး တစ်စုံတစ်ရာရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ကြောင်း၊ စိုးသီတာဝင်း(ခ)စန္ဒာအား မေးမြန်းခဲ့ရာ ၎င်းထံမှဖမ်းဆီးရမိသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများမှာ အင်းစိန်မြို့၊ (နေရပ်လိပ်စာအတိကျမသိ) အငယ်လေး(ဖုန်းနံပါတ်၊ 09 ××××)ထံမှ ဆက်သွယ်ချိတ်ဆက်ပြီး သွားရောက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
သို့ဖြစ်၍ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိဖမ်းဆီးရမိသူ ကျော်ကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ စိုးသီတာဝင်း(ခ)စန္ဒာတို့ ၂ ဦးအား ဥပဒေအရအရေးယူပေးပါရန်တိုင်တန်းလာသဖြင့် ပေါင်းတည်(မြို့မ)ရဲစခန်း၏ မူးယစ်(ပ)၃/၂၀၂၅၊ မူး/စိတ်ပုဒ်မ၊ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိသူ စိုးသီတာဝင်း(ခ)စန္ဒာအား ဥပဒေအရအရေးယူပေးပါရန် ၂၁၂၀ နာရီခန့်တွင် ဒုတိယရဲမှူး အောင်သူမိုးမှ တရားလိုပြုလုပ်တိုင်လာသဖြင့် ပေါင်းတည်(မြို့မ)ရဲစခန်း၏ မူးယစ်(ပ)၄/၂၀၂၅၊ မူး/စိတ်ပုဒ်မ၊ ၁၉(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။
#Myanmagon