
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၃
၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) ဧည့်ခန်းမဆောင်၌ CNODC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်များတွင် နှစ်ဖက်အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကမ်းလွန် စီမံကိန်းများနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ဥပဒေရေးရာကဏ္ဍများတွင် သင်တန်းများစေလွှတ်၍ သင်ယူလေ့လာရေး၊ နှစ်ဖက်နီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် Working Group များ အပြန်အလှန်စေလွှတ်ရေး၊ မြန်မာ့စွမ်းအင်ကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးလာစေရေးအတွက် လိုအပ်သည့်အကူအညီဖြည့်ဆည်းပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါတယ်။
ထို့နောက် Canadian Foresight Group (CFG) နှင့် China Oilfield Services Limited (COSL) တို့၏ ဥက္ကဋ္ဌများ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်ဖက် အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးဆိုင်ရာကိစ္စရပ်များ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
#Myanmagon