
မြန်မာ့ဂုဏ် အောက်တိုဘာ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီများမှတင်သွင်းခဲ့သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းစရင်များကိုအောက်တိုဘာ၁၉ ရက်နေ့၌ တစ်ပြိုင်တည်း ကပ်ထားကြေညာခဲ့ရာတွင်ပယ်ချခံရသည်လွှတ်တော်ကိုယ်စား လှယ်လောင်းများရှိတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးကျော်စွာစိုးက”ကျွန်တော်တို့ပါတီရွေးကောက်ပွဲကော်မရှင်ကို ကိုယ်စားလှယ်လောင်း၄၃၁ဦးတင်သွင်းခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်က ၄၂၈ဦးကိုအတည်ပြုခဲ့တယ် ခြောက်ဦးအပယ်ခံရပါတယ်။အခုတော့သူတို့အတွက် အယူခံဝင်ထားပါတယ်လို့ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက”ကျွန်တော်တို့ပါတီကရွေကောက်ပွဲကော်မရှင်ကို ကိုယ်စားလှယ်လောင်း ၅၈၆ဦးတင်သွင်းခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ၅၈၀ဦးကိုအတည်ပြုခဲ့တယ်ခြောက်ဦးအပယ်ခံရပါတယ် အဲဒီခြောက်ဦးအတွက် အယူခံတော့မတင်တော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့သူတို့က အရင်ကဌာနဆိုင်ရာဝန်ထမ်းတွေပါအလုပ်ကထွက်ပြီးပါပြီ။ဒါပေမဲ့ဌာနကနုတ်ထွက်ခွင့်မပြုသေးတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့မညီလိုဆိုပြီးပယ်ချတာပါ။ ဒါကြောင့်အယူခံတင်လည်းမထူးပါဘူး”ဟု ပြောကြားခဲ့တယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက”ကျွန်တော်တို့ပါတီကနေရာအားလုံးအတွက်ကိုယ်စားလှယ်လောင်းတင်သွင်းခဲ့ပါတယ်။ ပယ်ချတော့နည်းနည်းရှိပါတယ်၊အတိကျတော့ကျွန်တော်လည်းမသိသေးပါဘူး အယူခံတင်မတင်ဆိုတာလည်းမသိသေးပါဘူး ကျွန်တော်ဌာနချုပ်ရောက်ရင်ပြန်စုံစမ်းပေးပါမယ်”ဟုပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီများမှကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့ရာတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၀၄၈ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၇၀၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၆၇၆ ဦး၊ မြန်မာနိုင်ငံတောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၄၃၄ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ၅၈၆ ဦး၊ ပြည်သူ့ပါတီမှ ၅၁၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ ၅၁ ပါတီမှ ၉၆၆ ဦး နှင့်တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦးတင်သွင်းခဲ့ကြောင်းသိရပါတယ်။
#Myanmagon