

မြန်မာ့ဂုဏ် အောက်တိုဘာ ၂၅
နေပြည်တော်သို့ရောက်ရှိတော်မူနေသော ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး အား သမ္မတ(ငြိမ်း) ဦးသိန်းစိန် သွားရောက်ဖူးမြော်ခဲ့တယ်လို့သိရပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးသည်အောက်တိုဘာ ၂၄ ရက်၊ ညနေ ၅ နာရီက နေပြည်တော်ရှိ ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်သို ကြွရောက်တော်မူလာခဲ့ပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ နေ့စဥ်နံနက် ၉ နာရီ၌(တစ်ရက်တစ်ကြိမ်) ဧည့်ပရိသတ်များအား တွေ့ဆုံ၍ ဖူးမြော်တော်ခံယူသွားမည်ဖြစ်၍ လာရောက်ဖူးမြှော်မည့်သူများအနေဖြင့် နှာခေါင်းစည်း(MASK)များ တပ်ဆင်လာကြပါရန် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်က မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။
#Myanmagon