
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၅
အောက်တိုဘာလ ၂၂ ရက်နေ့ ၁၇၂၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် နေဇင်လတ် မောင်းနှင်လာသည့် MITSUBISHI OUTLANDER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၅.၉၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁,၄၈၅ သိန်း)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၂၃၀ အချိန် အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ရဲကျော်(ခ)ကိုရဲ အား ချမ်းအေးသာစံမြို့နယ်၊ စမွန်းရပ်ကွက်တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ နေဇင်လတ်(၄၈)နှစ် နှင့် ရဲကျော်(ခ)ကိုရဲ(၃၂)နှစ်တို့အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်းသိရှိရပါတယ်။