
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၆
နိုင်ငံ၏ ဥပဒေပြုရေးအဖွဲ့အစည်းဖြစ်သော ဗီယက်နမ်အမျိုးသားလွှတ်တော်က အောက်တိုဘာလ ၂၅ ရက်နေ့တွင်ဒုတိယဝန်ကြီးချုပ်အသစ် နှစ်ဦးနှင့်ဝန်ကြီးသုံးဦး ခန့်အပ်မှုကို အတည်ပြုပေးလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပါတယ်။
ထပ်မံခန့်အပ်လိုက်သည့် ဒုတိယဝန်ကြီးချုပ်နှစ်ဦးသည် ပြည်ထဲရေးဝန်ကြီးဟောင်းဖမ်သီထန်ထရာ နှင့်ဂီယာလိုင်းပြည်နယ် ကွန်မြူနစ်ပါတီအကြီးအကဲဟောင်း ဟိုကောက်ဒုန် တို့ဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဆိုပါ ခန့်အပ်မှုကြောင့် နိုင်ငံတော်အစိုးရအဖွဲ့တွင် ယခုအခါဒုတိယဝန်ကြီးချုပ်အရေအတွက်သည်ကိုးဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
#Myanmagon